Hello

Hello, how do you do?

Friday, April 11, 2014

ထိုင်းချက်ကရီမင်းဆက် မွန်မျိုးနွယ်

ဟံသာဝတီကျဆုံးပြီးမွန်တော်လှန်ရေး
တစ်လောက ထိုင်းဘုရင် ဘူမိဘော က ဝင်းစိန်တောရမွန်ဆရာတော်ကို ကထိန်ပေးပါတယ်။မြန်မာနိုင်ငံ နဲ့ ထိုင်းနိုင်ငံတွေမှာ သီလ သမာဓိ ပညာ နဲ့ ပြည့်စုံကျော်ကြားတဲ့ ဆရာတော်သံဃာတော်တွေအများကြီးပါ။ ထိုင်းဘုရင် ရောဂါသည်းပြီး လဲနေစဉ်မှာ မွန်ဆရာတော်ကိုအိမ်မက်မက်မြင်ပါတယ်တဲ့။
ထိုင်းဘုရင် ဘူမိဘောရဲ့ ကိုယ်ထဲမှာ မွန်သွေး လှည့်ပတ်စီးဆင်းနေဆဲပဲဆိုတာ ယုံမှားစရာမရှိပါဘူး။
တပင်ရွှေထီး ဘုရင့်နောင် တို့ ခေတ်ကစပြီး အင်္ဂလိပ် မြန်မာ စစ်ပွဲတွေဖြစ်တဲ့ အချိန်အထိ မြန်မာအုပ်ချုပ်သူတွေ ရဲ့  ဖိနှိပ် ရက်ဆက်မှုတွေ မခံရပ်နိုင်တဲ့ မွန်လူမျိုးတွေ ကိုယ့်နေရပ်ကို စွန့် ခွာပြီး ထိုင်းတွေနဲ့ သွားရောက်ပူးပေါင်းကြပါတယ်။ အများစုဟာ ထင်ရှားကျော်ကြားတဲ့ မွန်ခေါင်းဆောင်တွေ နဲ့ နောက်လိုက်နောက်ပါတွေ။ ကျမ်းဂန်တတ် မွန်ရဟန်းတော်တွေနဲ့ နောက်လိုက်နောက်ပါတွေပါ။
ဒီလို ဂုဏ်သရေရှိ မွန်ခေါင်းဆောင်တွေကို ထိုင်းဘုရင်တွေက ထိုက်တန်ရာ ရာထူးတွေပေပြီး အချို့ မွန်ခေါင်းဆောင်တွေ ထိုင်းမင်းသမီးတွေနဲ့ လက်ဆက်ခဲ့ ကြသလို မွန်အမျိုးကောင်းသမီးတွေလဲ မင်း မိဘုရားတွေဖြစ်လာခဲ့ကြပါတယ်။
မွန် တို့ ရဲ့ ဟံသာဝတီမြို့ တော် ပျာပုံ ဘဝ ရောက်ခဲ့ရသလို ထိုင်းတို့ ရဲ့ အယုဒ္ဓယ မြို့ တော် အုတ်ပုံဘဝရောက်ခဲ့ရပါတယ်။
အယုဒ္ဓယ ကျဆုံးပြီး ချွန်ဘူရီမြို့ တော်ကိုပြန်တည်ထောင်တဲ့ ထိုင်းဘုရင် မဟာသက်ဆင်ရဲ့ မယ်တော်က မွန်အမျိုးသမီးပါ။
မဟာသက်ဆင်ပြီးတော့ သူ့ ကို ဆက်ခံတဲ့ ပထမဆုံး ချက်ကရီမင်းဆက် ဘုရင် ပထမရာမ ဟာ ဟံသာဝတီ မင်းမျိုးနွယ်လို စတုတ္ထ ရာမ ဘုရင်က အတိအလင်းဆိုထားပါတယ်။
ပထမရာမ ဘုရင် နဲ့  မွန်သူကြွယ်သမီး မိဘုရားကဖွားမြင်တဲ့  မင်းသားက ဒုတိယရာမဘုရင်ဖြစ်လာပါတယ်။
ဒုတိယ ရာမဘုရင် ရဲ့ မွန်မိဘုရား က ဖွားမြင်တဲ့ မင်းသားက တတိယရာမဘုရင်။
စသဖြင့် မွန်မိဘုရားက ဖွားမြင်တဲ့ မင်းသားက ထိုင်းဘုရင် ဖြစ်လာမြဲပါ။
ထိုင်းဘုရင် ဘူမိဘောမှာ မွန်သွေး လှည့်ပတ်စီးဆင်းနေဆဲပါ။
အပြည့် အစုံကို အောက်ကလင့်မှာ ဖတ်ကြည့်ကြပါ။
www.siamese-heritage.org/jsspdf/2001/JSS_098_0i_VanRoy_ProminentMonLineages.pdf

0 comments :

Post a Comment